အသိပေးကြော်ငြာခြင်း
ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) အား COVID – 19 ရောဂါ ဖြစ်ပွားနေခြင်းကြောင့် ခေတ္တပိတ်ထားပါသည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ ခွင့်ပြုချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ၁၉-၇-၂၀၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်) နှင့် ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် (နတ်မောက်) တို့အား (၁၆ - ၇- ၂၀၂၀) နေ့တွင်
https://www.nationalmuseumyangon.gov.mm Website တွင် လည်းကောင်း၊
https://www.facebook.com/nationalmuseumyangon/ တွင်လည်းကောင်း၊
https://www.generalaungsanmuseum.com တွင်လည်းကောင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း အသိပေးကြော်ငြာအပ်ပါသည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်)